Sunday, February 12, 2012

ဘုရား၊တရား၊သံဃာကို ဘာဖြစ်လို့ ရတနာမြတ်သုံးပါးလို့ ခေါ်သလဲ။


ရတနာဆိုတာ ပါဠိစကားလုံးဖြစ်တယ်။ နှစ်သက်ကြည်နူးမှုကို ဖြစ်စေတဲ့အရာလို့ အဓိပ္ပါယ်ရတယ်၊ ဒါကြောင့် လူတွေအင်မတန် လိုချင်တပ်မက်တဲ့ ရွှေ၊ ငွေ၊ စိန်၊ ကျောက်တွေကို ရတနာလို့ ခေါ်တယ်၊ သားသမီးတွေကိုလည်း သားရတနာ သမီးရတနာလို့ ခေါ်တယ်။ ဘုရား၊ တရား၊ သံဃာ သုံးပါးဟာလဲ ကိုးကွယ်ဆည်းကပ်သူတွေကို နှစ်သိမ့်ကြည်နူးမှုကို ဖြစ်စေတဲ့အတွက် ရတနာသုံးပါးလို့ ခေါ်တယ်။ ရတနာအားလုံးထဲမှာ ဘုရား၊ တရား၊ သံဃာ သုံးပါးဟာအမြတ်ဆုံး အကောင်းဆုံးဖြစ်တဲ့အတွက် ရွှေ၊ ငွေ၊ စိန်၊ ကျောက်စတဲ့ သာမန်ရတနာတွေနဲ့မတူ ကွဲပြားအောင်ဆိုပြီး ရတနာမြတ်သုံးပါးလို့ ခေါ်ကြတယ်။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
 

No comments:

Post a Comment