Sunday, February 12, 2012

ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူကို ပိဋကတ်ထဲမှာ ဘယ်လိုခေါ်ထားပါသလဲ။


ရတနာသုံးပါးဆည်းကပ်သူကို သမ္မာဒိဠိ=အမြင်မှန်ရှိသူလို့ ခေါ်တယ်၊ ဥပါသက=ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်သူလို့လည်း ခေါ်တယ်။ ဥပသကာဆိုတဲ့အမည်ကို အများဆုံး သုံးကြတယ်။မြန်မာလူမျိုးတွေက ဗုဒ္ဓဘာသာဝင်တိုင်းကို ဥပါသကာလို့ အမှန်အတိုင်းမခေါ်ကြဘူး။ ဝတ်ဖြူစင်ကြယ်ဝတ်ပြီး ရတနာသုံးပါးဝေယျာဝစ္စအတွက် ပိုက်ဆံနဲ့ပစ္စည်း ဝတ္ထုလှည့်လည်အလှူခံသူတွေကိုသာ ဥပါသကာလို့ ခေါ်တယ်။ ဥပါသကဆိုတဲ့ပါဠိကို ဥပါသကာလို့ မြန်မာမှုပြောင်းလဲခေါ်ထားခြင်း ဖြစ်တယ်။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
 

No comments:

Post a Comment