Friday, February 10, 2012

အရည်းကြီးတွေကို အနော်ရထာမင်းစော ဘယ်လိုနှိမ်နင်းခဲ့သလဲ။


သန့်စင်မွန်မြတ်တဲ့ ထေရဝါဒဗုဒ္ဓသာသနာ ပုဂံကို ရောက်လာတဲ့အခါမှာ အနော်ရထာမင်းစောဟာ အရည်းကြီးရဟန်းတွေကို လူဝတ်လဲပေးတယ်။ ဆင်ချေးကျုံး၊ မြင်းချေးကျုံး စတဲံ အလုပ်တွေကို လုပ်စေတယ်။ အချို့အရည်းကြီး လူထွက်တွေကတော့ ဆေးဆရာ၊ ဗေဒင်ဆရာ၊ ပယောဂဆရာ၊ မျက်လှည့်ဆရာအဖြစ်နဲ့ အသက်မွေးကြတယ်။ အရည်းကြီးရဟန်းတွေဟာ အသွင်အားဖြင့် လုံးဝပျောက်သွားပေမယ့် သူတို့ရဲ့ လုပ်ငန်း အမွေအနှစ်တွေကတော့ ယနေ့တိုင် မြန်မာယဉ်ကျေးမှု အဖြစ် ဆက်လက်တည်ရှိနေတယ်၊ ဒီပညာရပ်တွေကို ဒီနေ့အထိ ဆက်လက် သယ်ဆောင်ဖြန့်ဖြူးခဲ့သူတွေကတော့ အရည်းကြီး လူထွက်ဆရာတွေဘဲ ဖြစ်တယ်။


ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။

No comments:

Post a Comment