Wednesday, February 8, 2012

ဗုဒ္ဓဟာ ပရိနိဗ္ဗာန်စံသွားပြီး ဖြစ်ပါလျက် ဗုဒ္ဓဘာသာကိုးကွယ်မှုဟာ ဘာဖြစ်လို့ ယခုတိုင် ဆက်လက်တည်တံ့နေသလဲ။


ဗုဒ္ဓဟာ ပရိနိဗ္ဗာန်စံသွားပေမယ့် ဗုဒ္ဓကိုယ်စား ကိုးကွယ်စရာ ဓါတ်တော် မွေတော်တွေ ကျန်ခဲ့တယ်။ သက်တော်ထင်ရှားရှိစဉ်က ဟောခဲ့တဲ့ တရားတော်တွေကို အစဉ်မပြတ်သင်အံဆောင်ရွက် တဆင့်ဟောပြောပေးဖို့ သံဃံဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့တယ်။ အဲသည်သံဃာတော်တွေရဲ့ ကျင့်ဝတ်အဖြစ်ဝိနည်းသိက္ခာပုဒ်တွေလည်း ပညတ်ခဲ့တယ်။ လူ့ယဉ်ကျေးမှုတွေကို လူသားအဆက်ဆက်သယ်ဆောင် ထိန်းသိမ်းခဲ့သလို ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း ဘုရားသားတော်လို့ ခေါ်နိုင်တဲ့ သံဃာတော်တွေက ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ ဒီသံဃာတော်တွေရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓသာသနာဟာ ယနေ့တိုင် ဆက်လက်တည်တံ့နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုးရိုးလူတွေက သံဃာတော်တွေကို ရိုသေလေးစား ကိုးကွယ်နေကြတာ ဖြစ်တယ်။




ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
 

No comments:

Post a Comment