Friday, February 10, 2012

နတ်ကိုးကွယ်မှုကတော့ ထင်ရှားပါတယ်။ဟိန္ဒူဗြာဟ္မဏနဲ့ မဟာယာနကိုးကွယ်မှုတွေက ဘယ်ဟာတွေပါလဲ။


ထင်ရှားတဲ့ ဟိန္ဒူဗြာဟ္မဏ အယူဝါဒတွေကတော့ ဘုရားကိုးဆူပူဇော်တဲ့အခါ ဂြိုလ်ကြီးကိုးလုံး ဂြိုလ်နတ်ကြီးကိုးပါးတို့ မြန်မာနိုင်ငံ စေတီပုထိုးတွေရဲ့ အရပ်(၈)မျက်နှာမှာ ဂြိုလ်တိုင် (၈)တိုင်ထားတာတို့ ရက်ရာဇာ၊ ပြဿဒါး နဂါးလှည့် စတဲ့ ဗေဒင်အဟောဆိုင်ရာတွေဟာ ဟိန္ဒူဗြာဟ္မဏ အယူဝါဒတွေ ဖြစ်ပြီး ရှင်ဥပဂုတ်ကိုးကွယ်မှု၊ ရှင်သီဝလိပုံတော်ဆောင်မှု၊ စလွယ်သင်းကျစ်နားကင်းပါသော ဇမ္ဗုပတိချွတ်ခန်းရုပ်တုပုံ-ပန်းချီးတို့၊ ဒက္ခိဏသာခါပုံ ဘုရားတို့ ၊ အင်းအိုင် ခါးလှည့် လက်ဖွဲ့နဲ့ မှော်အတတ်ပညာတွေဟာ မဟာယာနတန္တရယာနရဲ့ အယူအဆတွေ ဖြစ်တယ်။


ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။

No comments:

Post a Comment