Thursday, February 9, 2012

အနော်ရထာမင်းစော ထေရဝါဒဗုဒ္ဓဘာသာကို ဖြန့်ဖြူးပြီးတဲ့ နောက်မှာ မြန်မာလူမျိုးတွေဟာ ကိုးကွယ်မှုအဟောင်းတွေကို လုံးဝစွန့်လွှတ်ခဲ့ကြပါသလား။


အသစ်ရောက်လာတဲ့ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှုက အဟောင်းတွေထက် အဘက်ဘက်က သာလွန်ပြီး ဟောကြားတဲ့ တရားတော်တွေဟာ ပိဋကတ် အခိုင်အမာ ရှိတယ်။ ရဟန်းတော်တွေရဲ့ နေထိုင်ကျင့်ကြံမှုတွေဟာ ဝိနည်းတော်နဲ့ အညီ ဖြစ်တယ်။ ဒါကြောင့်လည်း မင်းနှင့်တကွ ပြည်သူလူထုက ထေရဝါဒဗုဒ္ဓသာသနာအသစ်ကို အင်တိုက်အားတိုက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံပြီး လေးလေးစားစား ကြည်ညိုကိုးကွယ်ကြတယ်။ ဒါပေမယ့် ဘိုးဘေးအစဉ်အဆက်က ကိုးကွယ်ဆည်းးကပ်လာတဲ့ ရိုးရာနတ်ကိုးကွယ်မှု၊ ဟိန္ဒူဗြာဟ္မဏအယူတွေကို အလွယ်တကူ မစွန့်လွှတ်နိုင်ကြပါဘူး။ ဒါကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာအသစ်ဟာ အဟောင်းဖြစ်တဲ့ နတ်ကိုးကွယ်မှုနဲ့ ယှဉ်တွဲထွန်းကားခဲ့တာဟာ ယနေ့တိုင်ဖြစ်ပါတယ်။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
 

No comments:

Post a Comment