လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ ကျော်တုန်းက အိန္ဒိယနိုင်ငံ ကပိလဝတ်နေပြည်တော်
ဘုရင်သုဒ္ဓေါဒနနဲ့ မိဖုရားကြီး မာယာတို့ရဲ့ သား ၂၉ နှစ်အရွယ်မှာ ထီးနန်းကို စွန့်ပြီး
တောထွက်ကာ ခြောက်နှစ်တိုင် လူသာမန်တို့ ကျင့်နိုင်ခဲသောအကျင့်ကို အားထုတ်ကျင့်ကြံခဲ့သဖြင့် သစ္စာလေးပါးကို ဆရာမပါဘဲ ကိုယ်ပိုင်
ဥာဏ်ဖြင့် ထိုးထွင်းသိမြင်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးကို ဘုရားလို့ ခေါ်တယ်။ ပူဇော်အထူးကို ခံထိုက်လို့
ဘုရားလို့ခေါ်တယ်။ဘုရားဆိုတဲ့အမည်ဟာ ပူဇာနဲ့ အရဟ ဆိုတဲ့
ပါဠိစကားနှစ်လုံးကို ပေါင်းစပ်ပြီး ပုဂံ ခေတ် မြန်မာများ တီထွင်ထားတဲ့ ပါဠိသက်ဝေါဟာရ
တခုဖြစ်တယ်။ ပူဇာအရဟ= ပူရဟ =ပူရှာ =ဖုရှာ= ဖုရား=
ဘုရား ဆိုပြီး အသံထွက် အဆင့်ဆင့်နဲ့ စာလုံးပေါင်းအမျိုးမျိုး ပြောင်းလာတဲ့နာမည်ဖြစ်တယ်။
ဤစာစုကို
ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ
စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
No comments:
Post a Comment