Sunday, February 12, 2012

တချို့ ကဘုရားရှင်ကို ဘာကြောင့်ဗုဒ္ဓလို့ ခေါ်သလဲ၊


ဘုရားဆိုတာ မြန်မာတွေခေါ်တဲ့အမည်ဖြစ်တယ်၊ ဗုဒ္ဓဆိုတာ ပိဋကတ်တော်ထဲမှာပါတဲ့ အမည်ဖြစ်တယ်။ တရားအားလုံးကို ကိုယ်တိုင်လည်း သိပြီးသူ၊ အခြား လူ နတ်ဗြဟ္မာတွေကိုလည်းသိအောင် ဟောနိုင်သူလို့ အဓိပ္ပါယ်ရတယ်။ ဗုဒ္ဓဆိုတဲ့ အမည်ဟာ ကမ္ဘာသိတဲ့ သုံးတဲ့နာမည်ဖြစ်တယ်။ ဗုဒ္ဓဆိုတဲ့ ဝေါဟာရဟာ ဗုဒ္ဓဘာသာ ဘုရားတဆူတည်းကပိုင်တဲ့ အမည် ဖြစ်တယ်။  ဘုရားဆိုတဲ့ မြန်မာဝေါဟာရကတော့ ဟိန္ဒူ၊ မဟာမေဒင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ဘုရားလေးမျိုးနဲ့ ဆိုင်တဲ့ သာမည အမည်ဖြစ်တယ်။ ပိဋကတ်မှာ တိုက်ရိုက်လာတဲ့ အမည်လဲဖြစ်၊ အခြားဘာသာတွေနဲ့ မဆိုင်တဲ့ သီးခြားနာမည်လည်းဖြစ်လို့ ဘုရားကို ဗုဒ္ဓလို့ ခေါ်ကြခြင်း ဖြစ်တယ်။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
 

No comments:

Post a Comment