Friday, February 10, 2012

နတ်ဟိန္ဒူနဲ့ မဟာယနဗုဒ္ဓဘာသာတွေရောနှောနေရင် မြန်မာဗုဒ္ဓဘာသာကို ထေရဝါဒတောင်ပိုင်း ဗုဒ္ဓဘာသာလို့ ခေါ်ဆိုနိုင်ပါ့မလား။


ခေါ်ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ မြန်မာလူမျိုးတွေကလည်း ခံယူတယ်။ ကမ္ဘာကလည်း အသိအမှတ်ပြုတယ်။ ရဟန်းတော်တွေဟာ ထေရဝါဒ ဝိနည်းတော်အတိုင်း ကျင့်သုံးနေထိုင်ပြီး  ထေရဝါဒ ပိဋကတ်တွေကိုသာ သင်အံဟောကြားတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒါပေမယ့် နတ်ကို မြန်မာတွေက ဘယ်လိုပဲယုံယုံ၊ ကမ္ဘာကဘယ်လိုပဲ အသိအမှတ်ပြုပြု မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုထဲမှာ နတ်ဟိန္ဒူနဲ့ မဟာယာန ယဉ်ကျေးမှုတွေ ရောနှောနေတယ်ဆိုတာကိုလည်း အသိအမှတ်ပြုရမှာဘဲ။ ဟိန္ဒူဗြဟ္မဏ အယူဝါဒနဲ့ မဟာယာနဗုဒ္ဓဘာသာတွေကို လက်ခံကျင့်သုံးခဲ့တာ နှစ်လကြာညောင်းလာတဲ့အတွက် ထေရဝါဒ ဗုဒ္ဓဘာသာအယူလို့ဘဲ မှတ်ထင်နေကြပါတယ်။ ဒီလိုအမှန်ကိုမသိကြတော့လို့လည်း မြန်မာ့ယဉ်ကျေးမှုဟာ ထေရဝါဒ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစစ်စစ် ဖြစ်တယ်လို့ ယုံကြည်မှတ်ယူနေကြခြင်းဖြစ်တယ်။ 


ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။

No comments:

Post a Comment