Sunday, February 12, 2012

မန်မာနိုင်ငံ ဗုဒ္ဓဘာသာဟာ ထေရဝါဒဘာသာစစ်တယ်လို့ ဆိုနိုင်ပါ့မလား။


ဒီမေးခွန်းရဲ့အဖြေတိကျမှုအတွက် မြန်မာနိုင်ငံဗုဒ္ဓဘာသာနဲ့ မြန်မာတွေရဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု နှစ်ခုကို ခွဲခြား ဖြေဆိုပေးရမယ်။ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာကတော့ တောင်ပိုင်းထေရဝါဒ ဗုဒ္ဓသာသနာအစစ် ဖြစ်တယ်။ သံဃာတွေဟာလည်း ထေရဝါဒဂိုဏ်းဝင် သံဃာတွေသာ ဖြစ်တယ်။ မြန်မာတွေရဲ့ ယဉ်ကျေးမှု ပုံစံကတော့ ထေရဝါဒ ယဉ်ကျေးမှု မဟာယာနဂိုဏ်ခွဲ ဖြစ်တဲ့ တိဗက်တန္တရယာန ဟိန္ဒူဗြာဟ္မဏဝါဒ၊ ကမ္ဘာဦး နတ်ကိုးကွယ်မှုနဲ့ မြန်မာတို့ရဲ့ ကိုယ်ပိုင်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွေကို ရောမွေထားတဲ့ ညွန့်ပေါင်းယဉ်ကျေးမှု သာဖြစ်တယ်။ ဘာသာယဉ်ကျေးမှုတခုဟာ ဒေသကာလအလိုက် ပြောင်းလဲသွားရတာ မူလအခြေခံရှိနှင့်ပြီးတဲ့ ယဉ်ကျေးမှုအဟောင်းတွေနဲ့ ပူးပေါင်းရောယှက်သွားရတာဟာ ဓမ္မတာပါပဲ။ အခြား ယဉ်ကျေးမှု ဆိုင်ရာတွေဟာ ဘယ်လိုရောယှက်နေနေ ဘာသာရေးတရားဆိုင်ရာ ကျင့်ကြံမှုတွေကတော့ ထေရဝါဒ ပိဋကတ်တော်တွေပေါ်မှာ လုံးဝအခြေခံထားတဲ့အတွက် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဟာ ထေရဝါဒ ဗုဒ္ဓဘာသာစစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
 

No comments:

Post a Comment