Sunday, February 12, 2012

ဘယ်လို ကျင့်ကြံနေထိုင်သူကို ဗုဒ္ဓဘာသာလို့ ခေါ်သလဲ။ဗုဒ္ဓဘာသာဆိုတဲ့ ဝေါဟာရဟာ ပိဋကတ်လာ ဝေါဟာရဖြစ်ပါသလား။


ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို ယုံကြည်လေးမြတ် ကိုးကွယ်ဆည်းကပ်၍ ကံ ကံ၏အကျိုးကို ယုံကြည်ပြီး ငါးပါးသီလ မြဲသူကို ဗုဒ္ဓဘာသာလို့ ခေါ်တယ်။ ဗုဒ္ဓဘာသာဆိုတဲ့ ဝေါဟာရဟာ ပိဋကတ်မှာ မရှိပါဘူး။ မြန်မာတွေ တီထွင်မှည့်ခေါ်ထားတဲ့ အမည်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုတဲ့ ဝေါဟာရဟာ ပုဂံ၊ ပင်းယ၊ အင်းဝခေတ်တွင်းမှာ မရှိသေးပါဘူး။ ကုန်းဘောင်ခေတ်(၁၈)ရာစုခေတ်မှာမှတွင်ကျယ်လာတဲ့ ဝေါဟာရတခုဖြစ်ပါတယ်။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
 

No comments:

Post a Comment