မှားတာရှိသလို မှန်တာလည်းရှိုပါတယ်။ သိဒ္ဓတ္တမင်းသားဟာ ဘုရားစင်စစ် ဖြစ်မယ်လို့
ဗေဒင်ပညာနဲ့ ဟောခဲ့တယ်။ ပုဏ္ဏားအချို့ဟာ ဘုရားရှင်ရဲ့ လက္ခဏာတော်ကို မြင်တာနဲ့ ဘုရားဘဲလို့
အတတ်သိပြီး ပူဇော်ကြတာလည်းရှိတယ်။ အခြားမန္တန်ဗေဒင်နဲ့ ပတ်သက်ပြီး ဟောထားတဲ့ ပိဋကတ်ပါဠိတွေ
ဇာတ်ဝတ္ထုတွေလည်း ရှိပါတယ်။ မြေလျှိုးမိုးပျံနိုင်တဲ့ ဂန္ဓာရီအတတ်နဲ့ လွဲမှားမှာစိုးလို့
ရဟန်းတွေ တန်ခိုးဣဒ္ဓိပါဒ်တွေ မပြရဘူးလို့ ဘုရားရှင် ပညတ်ခဲ့တယ်။ ဒါပေမယ့် လူတွေရဲ့
အသိဥာဏ်ခေါင်းပါးမှု၊ ယုံလွယ်တတ်မှု၊ ရာထူးဂုဏ်သိန်၊ လာဘ်လာဘရလိုမှုတွေကို အခွင့်ကောင်းယူပြီး
ဗေဒင်မန္တန်အတတ်တွေကို တကယ်တတ်မြောက်အောင် မသင်ဘဲ လိမ်ညာ ဖြီးဖြန်းစားသောက်နေသူတွေ များကြတဲ့အတွက်
သိပ္ပံခေတ် လူငယ်တွေက ဗေဒင်မန္တန်တွေကို အယုံအကြည်နည်းပါးလာခြင်း ဖြစ်တယ်။
ဤစာစုကို
ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ
စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
No comments:
Post a Comment