ဂေါတမဘုရားရှင်ဟာ လူတွေရဲ့ကောင်းကျိုးဆိုးကျိုးကို သူ့ရဲ့တန်ခိုးဣဒ္ဓိပါဒ်နဲ့
မဖန်တီးနိုင်ပါဘူး။ဂေါတမဗုဒ္ဓဟာ တို့ကို မ စလိမ့်မယ်၊ကယ်တင်လိမ့်မယ်ဆို တဲ့ယုံကြည်ချက်နဲ့
လူတွေက ကိုးကွယ်နေတာ မဟုတ်ပါဘူး။ဘုရားရှင်ဟာ ဒိပြင်လူတွေ မတွေ့မသိသေးတဲ့တရားတွေကို
အမှားနဲ့အမှန် ခွဲခြားသိမြင်ခဲ့ တယ်။မကောင်းကျိုးကို ပေးတတ်တဲ့ အကုသိုလ်အမှားတရားနဲ့
ကောင်းကျိုး ကိုပေးတတ်တဲ့ ကုသိုလ်အမှန်တရားတွေကို ခွဲခြားပြီး ဟောကြားခဲ့တယ်။ ဒီလိုကြံစည်ပြောဆို
လုပ်ဆောင်မှုဟာ ကောင်းတဲ့ဘဝကို ရောက်စေနိုင်တဲ့ သုဂတိလမ်းကောင်း၊ဒီလိုကြံစည်ပြောဆို
လုပ်ဆောင်မှုဟာ မကောင်းတဲ့ဘဝ ရောက်စေနိုင်တဲ့ ဒုဂ္ဂတိလမ်းဆိုး ဖြစ်တယ်လို့ လမ်းကောင်းနဲ့လမ်းဆိုး၊
လမ်းမှန်နဲ့လမ်းမှားကိုကွဲကွဲပြားပြားပြတ်ပြတ်သားညွန်ကြားခဲ့တယ်။
အဲဒီလို ကောင်းဆိုးလမ်းများကို ညွှန်ကြားခဲ့တဲ့ လမ်းညွှန်ပုဂ္ဂိုလ်မြတ်ကြီး တပါးအနေနဲ့
ကိုးကွယ်ဆည်းကပ် ဝတ်ပြုပူဇော်ကြခြင်းသာ ဖြစ်တယ်။
တဘဝအတွက် သိသင့်သိထိုက်တဲ့ အသိပညာ အတတ်ပညာတွေကို သွန်သင်
ပြသတဲ့ ကျောင်းဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို လေးစားမြတ်နိုး ရှိခိုးပူဇော်တဲ့သဘောသာဖြစ်တယ်။ဗုဒ္ဓဘာသာကိုးကွယ်မှုဟာ အခြားဘာသာတွေမှာလို ကြောက်ရွံ့တဲ့သဘော၊ကိုယ်လိုချင်တဲ့အကျိုးကို
ရအောင် မ စ စေလိုတဲ့ သဘော လုံးဝမပါဘူးဆိုတာကို အထူးသတိပြုထားရမယ်။
No comments:
Post a Comment