ဗုဒ္ဓမြတ်စွာဟာ အိန္ဒိယနိုင်ငံ ကပိလဝတ်နေပြည်တော် ဘုရင်သုဒ္ဓောဒနနဲ့ မိဖုရားကြီး
မာယာတို့ရဲ့ တဦးတည်းသော သားတော်ဖြစ်တယ်။ ၁၆နှစ် အရွယ်မှာ ဒေဝဒဟပြည်သူ ယသော်ဓရာ မင်းသမီးနဲ့
အိမ်ထောင်ပြုပြီး ထီးနန်းစည်းစိမ်ကို ခံစားတယ်။ တနေ့ ဥယျာဉ်ကစားထွက်တုန်းမှာ သူအို၊
သူနာ၊ သူသေ၊နိမိတ် ၃ပါး ကိုမြင်တော့ အိုနာသေရေး ဒုက္ခဘေးတွေကို ထင်မြင်သုံးသပ်မိပြီး
သတိသံဝေဂရတယ်။ ထို့နောက် ရဟန်းအသွင်နိမိတ်ကို မြင်တဲ့အခါ အိုနာသေမှု ဒုက္ခမှကင်းလွတ်ရာ
ဌာနတခုရှိတယ်။ ဒီဌာနကို ရောက်ဖို့အတွက် လောကီအာရုံခံစားမှုတွေ စွန့်လွတ်ပြီး ရဟန်းအသွင်နဲ့
အမှန်တရားကို ရှာဖွေရမယ်လို့ သိရှိလာတယ်။
အဲဒီအချိန်မှာ သားတော်ရာဟုလာ
ဖွားမြင်တော်မူကြောင်း သတင်းရတယ်။ သံယောဇဉ်အမျှင်မကြီးထွားခင် တောထွက်မှ တော်တော့မယ်လို့
အဲဒီနေ့မှာဘဲ လက်စွဲတော်မောင်ဆန်ကိုခေါ်ပြီး ကဏ္ဍကမြင်းနဲ့ ဥရုဝေဠတောကို ပို့ခိုင်းတယ်။
ဥရုဝေဠတောမှာ ၆နှစ်တိတိ လူသာမန်တို့ ကျင့်နိုင်ခဲတဲ့ ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူတယ်။
မဟာသက္ကရာဇ် ၁ဝ၃ခု၊ ကဆုန်လပြည့်နေ့မျာ သစ္စာလေးပါး အမှန်တရားကို ထိုးထွင်းသိမြင်ပြီး
ဘုရားအဖြစ်ကို ရတော်မူတယ်။ သိသင့်သိထိုက်တဲ့ အားလုံးကို ထိုးထွင်းသိမြင်တဲ့ အချိန်က
စပြီး ဘုရားရှင်ဟာ သူရဲ့မူလငယ်နာမည် သိဒ္ဓတ္ထကို ဖျောက်ပြီး ဗုဒ္ဓလို့ နာမည်သစ် မှည့်တော်မူတယ်။
ဘုရားဖြစ်တော်မူပြီးတဲ့နောက် ၄၅ ဝါ (၄၅နှစ်) ကာလပတ်လုံး သူကိုယ်တိုင် ခဲခဲယဉ်းယဉ်း
ပင်ပင်ပန်းပန်း ကြိုးစားရှာဖွေထားရတဲ့ တရားစစ် တရားမှန်တွေကို မနားမနေ ဟောကြားတော်မူပြီး
သက်တော် ၈ဝ မှာ ပရိနိဗ္ဗန် စံတော်မူခဲ့တယ်။
ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
No comments:
Post a Comment