Sunday, February 12, 2012

ဒီနေ့ မြန်မာတွေ ဟောပြော ယုံကြည်နေကြတဲ့ ဗေဒင်ဟာ ဟိန္ဒူဗြာဟ္မဏတွေရဲ့ ဗေဒင် (၄)ပုံနဲ့ တူပါသလား။


မတူပါဘူး။ ဝေဒကျမ်း(၃)မျိုး ရှိတဲ့အနက် နောက်ဆုံးမှ ပေါ်လာတဲ့ အာထဗ္ဗဏဝေဒကျမ်း တကျမ်းနဲ့သာ တူပါတယ်။ အာထဗ္ဗဏဝေဒကျမ်းမှာ စုန်း တစ္ဆေ ကစေ မှော် ပယောဂ အတတ်၊ ဝိဇ္ဇာဇော်ဂျီ တပသီတွေနဲ့ အင်းအိုင် ခါးလှည့် လက်ဖွဲ့ အတတ်၊ မြေလျှိုးမိုးပျံတဲ့ ဂန္ဓာရီအတတ်တွေ ပါတယ်။ ဒီနောက်ဆုံး အာထဗ္ဗဏာဝေဒကြောင့် ဘာသာရေးသက်သက်ဖြစ်ပြီး မွန်မြတ်တဲ့ အခြားဝေဒ (၃)ကျမ်းရဲ့ ဂုဏ်သိက္ခာပါ ကျဆင်းခဲ့ရတယ်။ ဒါကြောင့် တချို့ ဗြာဟ္မဏဆရာကြီးတွေက နောက်ဆုံး အာထဗ္ဗဏဝေဒကို မလေ့လာကြဘူး။ ပိဋကတ်သုံးပုံသာရှိသလို ဗေဒင်ဟာလည်း (၃)ကျမ်းပဲလို့ အသိအမှတ်ပြုကြတယ်။ ရှေ့ပိုင်းဗေဒင် (၃) ကျမ်းဟာလည်း ဟိန္ဒူဗြာဟ္မဏဘာသာရေးဆိုင်ရာ ဝတ်ပြုကိုးကွယ်မှု ပူဇော် ပ သ မှုကိုပြတဲ့ ကျမ်းတွေဖြစ်ပါတယ်။ ယနေ့ မြန်မာပြည်မှာ ဟောနေတဲ့ ဗေဒင်မျိုး မဟုတ်ပါဘူး။

 
ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။

No comments:

Post a Comment